ကျောက်မဲမြို့၊ အထက(ခွဲ)၊အလက(၃)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အထကခွဲ အလက ၃ ကျောင်းရွှေရတုခန်းမတွင် အသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။