ခမောက်ကြီးမြို့ Quarantine Center တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ခမောက်ကြီး ဇွန် ၃၀

ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့  နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့်ပြစ်ဒဏ် ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၄၉ဦး၊ စုစုပေါင်း အလုပ်သမား (၁၆၅)ဦး တာဝန်ရှိအဖွဲ့အစည်းများထံသို့   ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထိုမှတဆင့် အမျိုးသမီး (၂၄)ဦးတို့အား ခမောက်ကြီးမြို့  Quaratine Centerသို့ ပို့ဆောင်၍ စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ကြည့်ထားရှိသည့်နေရပ်ပြန်များအား  သက်ဆိုင်ရာအဖွဲ့အစည်းများက ၎င်းတို့ ၏ ကိုယ်ရေးအချက်အလက်များအားစာရင်းရေးသွင်း မှတ်တမ်းယူကြပြီး  Quaratine Center ၌နေရာချထားပေးခဲ့ပြီး နေထိုင်စဉ်အတွင်း ချမှတ်ထားသောစည်းကမ်းချက်များ လိုက်နာကြရမည်ဖြစ်ပြီး အဆိုပါနေရပ်ပြန်များအား ရောဂါပိုးစစ်ဆေး၍ ပိုးမတွေ့ရှိလျှင် စောင့်ကြည့်ရက်ပြည့်ပါက ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)