ဖား​ဆောင်းမြို့နယ်၌ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ဖား​ဆောင်း  ဇွန် ၃၀

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင်၊​​​ ဘောလခဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာ၊​​ဘောလခဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပညာ​ရေးဌာနတို့ ပူး​​​ပေါင်း၍ ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီက ဖား​ဆောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ​ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ​ဘောလခဲခရိုင်၊​ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ​​ဦးဟိန်းမင်းဖြူက ကျား၊ မ အခြေပြု အကြမ်းဖက်မှုများ၊ အကြမ်းဖက်ခြင်း(၅)မျိုး၊ Gender Basset Violence ဖြစ်ပွားရသည့် အကြောင်းရင်းများကို ဆွေးနွေးခဲ့ပြီး၊​ ဘောလခဲခရိုင်​ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးဖြိုးစည်သူက သဘာဝ​ဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် ​မိုးဦးကာလတွင် ဖြစ်ပွားတတ်​သော ​​​​မြေပြို​ဘေး၊​ ရေ​ဘေး၊ ငလျင်​ဘေး၊ မုန်တိုင်း​ဘေး စသည့် ​အကြောင်းအရာများအား အသိပညာ​ပေး ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

ထို့​နောက် တက်​ရောက်လာကြသည့် ​ကျောင်းသား၊​ကျောင်းသူများမှ သိရှိလိုသည်များကို ​မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်​ဖြေကြားခဲ့​ကြောင်းနှင့်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ​ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ သိ​ကောင်းစရာ လက်ကမ်းစာ​စောင်များကို ဖြန့်​ဝေခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​​အောင်