စမ်းချောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

စမ်းချောင်း ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကိုရင်လေးများအား Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမတွင်  ယမန်နေ့နံနက်(၉)နာရီကစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကူညီမှုဖြင့် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း