ဖားဆောင်း ဇွန် ၃၀
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင်၊ ဘောလခဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ပညာရေးဌာနတို့ ပူးပေါင်းကာ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဖားဆောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် ဘောလခဲခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က ကလေးသူငယ်အကြောင်း သိကောင်းစရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတို့ ဖားဆောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်