ဘုတ်ပြင်း စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက သင်တန်းဆင်းအမှာစကားပြောကြားရာတွင်မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်ဖြစ်သည့် ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်ကတော့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ် ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ မီးလောင်မှုအကြိမ်နဲ့ ဆုံးရှုံးမှုတန်ဖိုးများ မြင့်တက်သည်အမျှ မီးဘေးကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တွေတိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေးပြည့်ဝထက်မြက်အောင် ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာည့် မီးသတ်ပညာရပ်တွေကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိတတ်မြောက်ထားဖို အတွက်လေ့ကျင့်ရေးကို ဦးစားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်က ခေတ်မီ မီးသတ်ပညာရပ်များသင်ယူဖို့အတွက် မီးသတ်အရာရှိများကို ပြည်ပနိုင်ငံများသို့ မပြတ်စေလွှတ်ပေးလျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ နိုင်ငံအကျိုးပြုလုပ်ငန်းတွေမှာ စွန့်စွန့်စားစား၊ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် နိုင်ငံတော်က ဘွဲ့တံဆိပ်တွေချီးမြှင့်လျက်ရှိပါကြောင်း၊ လူမှုရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာနဲ့ အကြင်နာဟူသော နာ(၅)နာဖြင့် ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်ပြီး စွမ်းရည်(၄)ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်တွေကို စဉ်ဆက်မပြတ်လေ့ကျင့်ရန်နှင့်ဒီသင်တန်းက သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို မမေ့မလျော့အောင် ဆက်လက်လေ့ကျင့်သွားပါ စေလိုကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် စံပြထူးချွန်ဆု၊ မီးသတ်ပညာထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များရရှိသည့် သင်တန်းသားများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သင်တန်းကို ရပ်ကွက်ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြများက ဘာသာရပ်အလိုက် စာတွေ့လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၁) ရက်နေ့မှ (၂၆) ရက်နေ့ထိ သင်ကြားပို့ ချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)