ကျောက်ဆည် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဒေအအတွင်း ဆန်စပါးဖူလုံပိုလျှံရေး တိုက်နယ် (၁၂) ခု၊ ကွင်းပေါင်း (၂၂၃) ခုတွင် မိုးစပါး (၅၂၃၃၄) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
မိုးစပါးများစိုက်ပျိုးရာ၌ ရေမြေဒေသအလိုက် အစေ့တိုက်ရိုက်ချစိုက်ခြင်း၊ ပျိုးထောင်၍ ပြောင်းရွေ့စိုက်ခြင်း စနစ်များဖြင့် တိုက်နယ် (၁) ၌ (၂၂၄၀) ဧက၊ တိုက်နယ် (၂) ၌ (၅၂၆၈) ဧက၊ တိုက်နယ် (၃) ၌ (၅၁၂၅) ဧက၊ တိုက်နယ် (၄) ၌ (၄၄၆၈) တိုက်နယ် (၅) ၌ (၅၉၇၀) ဧက၊ တိုက်နယ် (၆) ၌ (၃၉၁၄) ဧက၊ တိုက်နယ် (၇) ၌ (၂၄၇) ဧက၊ တိုက်နယ် (၈) ၌ (၅၉၈၄) ဧက၊ တိုက်နယ် (၉) ၌ (၄၂၃၃) ဧက၊ တိုက်နယ် (၁၀) ၌ (၅၀၁၂) ဧက၊ တိုက်နယ် (၁၁) ၌ (၄၆၈၈) ဧက၊ တိုက်နယ် (၁၂) ၌ (၅၁၈၅) ဧက စုစုပေါင်း (၅၂၃၃၄) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11၊ GW-18 စပါးမျိုးများ အဓိကထားစိုက်ပျိုးကြပြီး စပါးသီးနှံများအောင်မြင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အနေဖြင့် တောင်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)