ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ငှက်ဖျားပိုးရှိ / မရှိ သွေးဖောက်စစ်ဆေး

ပလောက် စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး သွေးဖောက်စစ်ဆေးပေးခြင်းကို စက်တင်ဘာလ ၂၅ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပေးရာတွင် ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ငှက်ဖျားပိုးရှိ/ မရှိကို စစ်ဆေးပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြောင်းသိရသည်။

ပလောက် (ပြန်/ဆက်)