မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေအကျိုးကျေးဇူး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌

ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ဇီဇဝါလမ်းအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက်လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများကို မေလနောက်ဆုံးပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေး

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့ နံနက်(၁၀)နာရီအချိန်မှ စတင်ကာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ကျောင်းသား/သူများ ဒုတိယအကြိမ်ထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ် (၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူ၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင်ကလေးကျန်းမာရေးဌာနတွင် စုရပ်အခြေပြု ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မောက်မယ်မြို့နယ်ရုံးမှဝန်ထမ်းများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် လင်းခေးခရိုင်မှ ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သော အမျှော်အမြင်များ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီအချိန်က လိပ်သိုမြို့ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ အောင်သင်း၏ ကိုယ်ကျင့်နဲ့ပညာ စာပေဟောပြောပွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ခန်းမ၌ ယ‌နေ့ နံနက် ၈ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းအဆောက်အဦတချို့ ပျက်စီး

ကော့သောင်းမြို့တွင် မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းများရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျကာ ဘုန်းတော်ကြီးကျောင်းခေါင်မိုးပျက်စီးခဲ့ကြသည့်ဖြစ်စဉ်မှာ ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် လယ်ပြင်ကွင်းအမှတ်(၈၅)၊ မြေကွက်အမှတ်(၁၈၄) တောင်သူဦးမြင့်ဆွေ၏ နွေစပါးရတနာတိုး စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှုအား ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to