မြို့သစ် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် လယ်ပြင်ကွင်းအမှတ်(၈၅)၊ မြေကွက်အမှတ်(၁၈၄) တောင်သူဦးမြင့်ဆွေ၏ နွေစပါးရတနာတိုး စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှုအား ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူမှစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ကောက်ကွက်၊ ပင်ပွား၊ တစ်နှံပါအောင်စေ့များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ၍ မျှော်မှန်းအထွက်နှုန်း ၁၂ဝတင်းထွက်ရှိရန်မျှော်မှန်းကြောင်းနှင့် မြို့သစ်မြို့နယ်၏ ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးကျေးရွာအုပ်စုအလိုက် စိုက်ပျိုးထားရှိမှု အခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးနှံစိုက်ပျိုးထွက်ရှိခဲ့မှု အခြေအနေများအား မေးမြန်းရာတောင်သူ ဦးမြင့်ဆွေကနွေစပါး တစ်ဧကတင်း၁၂၀ထွက်ရှိရန် မျှော်မှန်းထားကြောင်း၊ ခုလက်ရှိတွင်တစ်ဧကအစိုထွက် ၁၁၈ တင်းထွက်ရှိခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ အခက်အခဲနှင့် လိုအပ်ချက်များ ရှိမရှိမေးမြန်းဆွေးနွေးကာ ဒေသခံတောင်သူများ၏ လိုအပ်ချက်တင်ပြခဲ့ခြင်းအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွာမှာဖြစ်ပြီး၊ တက်ရောက်လာသည့် တောင်သူများအား တစ်နှစ်လျှင် သုံးသီးဝင်အောင် စိုက်ပျိုးထုတ်လုပ်၍ တောင်သူများ၏ ဝင်ငွေနှင့်လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို တဖက်တလမ်းမှ အထောက်အကူပြုနိုင်ကြောင်း၊ မြို့သစ်မြို့နယ်ရှိ တောင်သူကြီးများအနေဖြင့် ဆည်ရေကိုအကျိုးရှိစွာ အသုံးချ၍ သီးနှံအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားကာ စိုက်ပျိုးသီးနှံအထွက်နှုန်း တိုးတက်မြှင့်မားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)