ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မောက်မယ်မြို့နယ်ရုံးမှဝန်ထမ်းများနှင့်တွေ့ဆုံ

မောက်မယ် ဇူလိုင် ၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် လင်းခေးခရိုင်မှ ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဝန်ထမ်းများအား မိမိတို့ဌာနအလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်စေလိုကြောင်း၊ ဌာန၏လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းစေလိုကြောင်း စသည်ဖြင့်မှာကြားခဲ့ပြီး ရုံးသန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေအားလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ရာ မောက်မယ်မြို့နယ်မှ နံနက် ၁၀ နာရီ ၄၀ တွင် တောင်ကြီးမြို့သို့  မောက်မယ်−ဟိုနမ့်−ဆိုက်ခေါင်လမ်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)