ကန့်ဘလူ ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင်ကလေးကျန်းမာရေးဌာနတွင် စုရပ်အခြေပြု ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် အသက် နှစ်လမှ တစ်နှစ်ခွဲထိ ကလေးငယ်များကို အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)နှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေးများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးခိုင်နှင့် ဆုံဆို့နာရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးလျက် ရှိသည်။
ကျန်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)