ကန့်ဘလူ ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထက(၁)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက ပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးသည်။ ဆက်လက်၍ ဒုတိယအကြိမ် မထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)