ကန့်ဘလူမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၈ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။