မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေအကျိုးကျေးဇူး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်

မန်တုံ ဇူလိုင်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က စာပေအကျိုးကျေးဇူး (Talk Show)ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါစာပေအကျိုးကျေးဇူး(Talk Show)တွင် ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာနှင့်ကင်းသော ပညာဟူ၍မရှိ၊ စာနှင့်ကင်း၍ကျော်ကြားသူမရှိ၊ စာနှင့်ကင်း၍လူတစ်ဦးချင်းသာမက လူ့အဖွဲ့အစည်း တစ်ခုပင် ရပ်တည်၍မရ၊ စာသည် ဘက်စုံဖွံ့ဖြိုးရေးအတွက် အုတ်မြစ်ပင်ဖြစ်ကြောင်း၊ အလိမ္မာစာမှာ ရှိဆိုသည့် အတိုင်းစာပေသည် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံးကို ယဉ်ကျေးသိမ်မွေ့စေရန် သွန်သင် ဆုံးမပေးနိုင်ကြောင်း၊ “စာအုပ်စာပေလူ့မိတ်ဆွေ”ဆို သည့်တိုင်းစာအုပ်စာပေသည်လူတို့အတွက် မိတ်ဆွေကောင်းဖြစ်ကြောင်း၊ စာပေသည် ဆင်းရဲချမ်းသာလူ့အလွှာ အတန်းအစားမရွေး လမ်းညွှန်မှုများ ပေးကြောင်း၊ “မှတ်သားဖွယ်ရာ၊ထိုထိုစာကို၊ရှာ၍မပြတ်၊အိမ်တွင်ဖတ်” ဟူ သည့်စကားအတိုင်း စာကိုမပြတ် ရှာဖွေဖတ်သင့်ပါကြောင်း ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က ယနေ့ကျောင်းများတွင်လူငယ်များ စာပေလေ့လာတတ်သည့် အလေ့အကျင့် ဖြစ်ပေါ်လာစေရန် ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ စာကြည်တိုက်များတွင် သုတ၊ ရသ စာအုပ်မျိုးစုံရှိ အောင် ကျောင်းသား၊ ကျောင်းသူများ အလွယ် တကူ ဖတ်ရှုနိုင်အောင်စီစဉ်ဆောင်ရွက်ပေးထား ကြောင်း၊ စာရေးဆရာကြီး လူထုဦးလှက “စာမဖတ်သူသည် တိုးတက်မှုရပ်နေသည်၊ စာဖတ်သူသည် တိုးတက်မှုတိုးတက်နေသည်”ဟု ရေးသားမိန့်ဆိုခဲ့ပါကြောင်း၊ စာရေးဆရာကြီး ပီမိုးနင်းက “စိတ်ကိုအသိဉာဏက အုပ်စိုး၏။ အသိဉာဏ်ကို ဗဟုသုတက အုပ်စိုး၏။ ဗဟုသုတကို စာပေက အုပ်စိုး၏။ဟု ရေးသားခဲ့ပါကြောင်းဖြင့် စာပေအကျိုးကျေးဇူးများ ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)