လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် အုန္နဲပင်ကျေးရွာပြည်သူများ ရက်ကန်းလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အပိုဝင်ငွေရရှိ၍ အဆင်ပြေ

စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာအုပ်စု၊ အုန္နဲပင်ကျေးရွာတွင် မိရိုးဖလာတောင်သူလုပ် ငန်းများအပြင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြ၍ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉  နာရီခွဲအချိန်က (၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် အရိပ်ရသစ်ပင်များ ပျော်ရွှင်စွာစိုက်ပျိုး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စီမံချက်တို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု စီမံချက်သစ်ပင်စိုက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် စိုက်ပျိုးပေးခဲ့သည်။

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ(သတ္တမအကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ရန်အောင်မြင်သာသနာ့ဗိမ္မာန်၌ ယမန်နေ့မွန်းလွဲ ၂နာရီက ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ (သတ္တမအကြိမ်မြောက်) နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာတွင်(၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ ဆားမလောက်ကျေးရွာ တောင်သူ ဦးကျင်လှိုင်၊ ဦးကျော်ဇောလင်း၊ ဦးစန်းဝင်း တို့၏ လယ်ယာမြေတွင် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့် ပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်၍ စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်စရိတ် သက်သာခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအားစုများ လျော့ချနိုင်ခြင်း၊ ကောက်ကွက် ပြည့်မီ၍ အထွက်နှုန်း ကောင်းခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသဖြင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အ‌ခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးရာတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သော၊ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ခြေခံပညာ အထက်တန်းကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ဇီးပင်ကြီးတဲတိုက်နှင့် တဲဘုံမဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်ကသောက်သုံရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင်များ ထံကသိရသည်။

ဖျာပုံမြို့၌ တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ (၄)နှစ်တစ်ကြိမ် ပြုလုပ်သော တတိယအကြိမ်မြောက် စာပေညီလာခံသို့​ မြို့နယ်ကိုယ်စားလှယ်အ​ဖြစ် တက်ရောက်ခဲ့သော စာရေးဆရာလင်းသစ်က တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း က ဖျာပုံမြို့၊ ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်တိုးချဲ့ဆောင် ဗေဒါခန်းမ၌ ပြုလုပ်သည်။

သာယာဝတီမြို့နယ်တွင် GW-11 အထွက်ကောင်းမျိုးစပါး အစေ့ချကရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်း ကောင်းမျိုးသန့် GW-11 စပါးမျိုးအား အစေ့ချကရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျွန်းကုန်းကျေးရွာရှိ မိုးစပါးစံပြကွက် လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to