ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ကျောင်းသား/သူများ ဒုတိယအကြိမ်ထိုးနှံ

ရှမ်းရွာသစ်    ဇူလိုင်    ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ် (၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာအချက်များကို မေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါလက္ခဏာရှိ/မရှိမေးမြန်းပြီးမှသာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sonopharm ကို ထိုးနှံပေးခဲ့ကြောင်း၊ သတ်မှတ်ထားသည့် ရက်များအတိုင်း ကျန်ရှိသည့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ရဟန်းသံဃာတော်များ၊ သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက်ဒေသနေပြည်သူများ၊ အသက်(၁၂)နှစ် ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းနေအရွယ်ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံး တစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ်လေးထားကာ အသိပညာပေးနှိုးဆော်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)