ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများဝတ်စားဆင်ယင်မှုဆွေးနွေးပွဲ စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများဝတ်စားဆင်ယင်မှု ဆွေးနွေးပွဲစကားဝိုင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ လက်တွေ့အသုံးချ ဓာတ်ပုံပညာသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူများအတွက် လက်တွ့အသုံးချ ဓာတ်ပုံပညာသင်တန်း(အခမဲ့)ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပသည်။

ချောက်မြို့နယ်၌ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး မိုးစပါးမျိုး​စေ့နှင့် သွင်းအားစုပစ္စည်းများ​ထောက်ပံ့​ ပေးအပ်

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်၊​ ချောက်မြို့နယ်၌ စ​လေမြို့ဥမင်ကိုး​​ပေါက်လျှပ်စစ်မြစ်​ရေတင်စီမံကိန်းဖြင့် မိုးစပါး (၁၅)​ဧက စံပြကွက်စိုက်ပျိုးနိုင်ရန်​ တောင်သူများအား မိုးစပါးမျိုး​စေ့နှင့် သွင်းအားစုပစ္စည်းများ​ ထောက်ပံ့​ပေးအပ်ခြင်းကို  ယ​နေ့ နံနက် ၉နာရီအချိန်က စလေမြို့ စိုက်ပျိုး​ရေးရုံးတွင် ပြုလုပ်ခဲ့သည်။

မတ္တရာမြို့နယ်မှ ဟင်းသီးဟင်းရွက်စိုက် တောင်သူများအား သဘာဝဇီဝမြေဩဇာများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project) မှ တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် သဘာဝဇီဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ''ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးအရာအဖွဲ့နှင့် ပူးပေါင်းကာ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်မှုကို ယမန်နေ့နံနက်(၁၁)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ဇူလိုင်(၄)ရက် နံနက် (၈)နာရီအချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

မိတ္ထီလာ၌ စားသုံးဆီအရောင်း ၁၃ ဆိုင်၌ ရည်ညွှန်းဈေးနှုန်း ၁ ပိဿာ ၆၂ဝဝ ကျပ်ဖြင့်ရောင်းချပေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို မိတ္ထီလာမြို့ရှိ စားသုံးဆီအရောင်းဆိုင် ၁၃ ဆိုင်တွင် ယနေ့နံနက်ပိုင်းက လူတစ်ဦးလျှင် စားသုံးဆီ ၁ ပိဿာ ၆၂ဝဝ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မက်မန်းမြိုနယ်၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က မက်မန်းမြို့ အမှတ်(၁)ရပ်ကွက်မြို့ပတ်လမ်းစိုက်ဧကတွင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ယိုထိုးနည်းသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ညောင်အိုင်ကျေး ရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးနှင့်
Subscribe to