မန္တလေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်လူရွေးပွဲကျင်းပ
မန္တလေးတိုင်ဒေးသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် လူရွေးပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ညနေ (၄) နာရီခွဲအချိန်က မန္တလေးတက္ကသိုလ် အားကစားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။