မြောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ''ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မြောင်  ဇွန်လိုင်  ၄

မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးအရာအဖွဲ့နှင့် ပူးပေါင်းကာ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်မှုကို ယမန်နေ့နံနက်(၁၁)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခင်မီမီအေးက အဖွင့်အမှာစကား ပြောကြားပြီးနောက်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြား၍ တက်ရောက်လာသူ စာပေမြတ်နိုးသူများက စာရေးဆရာ တင်နိုင်တိုး ရေးသားသည့် ''ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ" စာအုပ်ကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စာပေချစ်သူဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင် ခြယ်ပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်