လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး  ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ဇူလိုင်(၄)ရက် နံနက် (၈)နာရီအချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် လားရှိုးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုကာ ချီတက် အလေးပြု ခဲ့ကြသည်။ လားရှိုးတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို အသင်း(၈)သင်း၊ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအားဇူလိုင်(၄)ရက်မှ ဇူလိုင်လ(၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။

ဟန်ဌေး(လားရှိုး)