ချောက် ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ စလေမြို့ဥမင်ကိုးပေါက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် မိုးစပါး (၁၅)ဧက စံပြကွက်စိုက်ပျိုးနိုင်ရန် တောင်သူများအား မိုးစပါးမျိုးစေ့နှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က စလေမြို့ စိုက်ပျိုးရေးရုံးတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးမြင့်မြတ်သင်းက မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းစိုက်ပျိုးမည့် တောင်သူများအား မိုးစပါးနည်းပညာသင်တန်းပေးခြင်းနှင့် ဧရာမင်းစပါးမျိုးစေ့ ပေးအပ်ခြင်း၊ တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများဖြစ်သည့် မြေသြဇာအိတ်နှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ချောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် ပခန်းငယ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် (၁၅၀)ဧက၊ ဥမင်ကိုးပေါက် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် (၁၅၀)ဧက၊ ဆည်ငယ်ကန်ငယ်ဖြင့် (၁၀)ဧက၊မိုးကောင်းသောက် ဖြင့် (၁၄၀) ဧက စုစုပေါင်း(၄၅၀)ဧက လျာထားလျက် ရှိကြောင်းနှင့် မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်မြေပြုပြင်ခြင်း၊ ပျိုးထောင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိသည်။
ကျော်မိုး (ပြန်/ဆက်)