ကြို့ပင်ကောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများဝတ်စားဆင်ယင်မှုဆွေးနွေးပွဲ စကားဝိုင်းကျင်းပ

ကြို့ပင်ကောင်  ဇူလိုင်  

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် အမျိုးသမီးများဝတ်စားဆင်ယင်မှု ဆွေးနွေးပွဲစကားဝိုင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲစကားဝိုင်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ woman club အဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်ပြီး ခေတ်ကာလနှင့်အညီ ပြောင်းလဲလာသော အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများအား မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဖြစ်စေရေးအတွက် ရည်ရွယ်၍ စကားဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲစကားဝိုင်းမှပါဝင်သူများနှင့် နီးစပ်ရာရင်းနှီးသော အမျိုးသမီးများကိုလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် လစဉ် စာအုပ်ပြပွဲ နံရံကပ်စာစောင်ပြပွဲများ ဓါတ်ပုံပြပွဲများ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဆွေးနွေးပွဲစကားဝိုင်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များနှင့် Woman Club အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းလေးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)