ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က သက္ကယ်ချောင်ကျေးရွာအုပ်စု၊ ရွေဘိုစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း( ၁/၂၀၂၂ ) ဖွင့်လှစ်

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က မူဆယ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် ကညင်ရိုးကျေးရွာတွင် လူနေအိမ်(၁)လုံး ပြောင်းရွေ့

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပေါ်လာသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)အုပ်စု၊ ကညင်ရိုးကျေးရွာ၊ ငဝန်မြစ်ကမ်းဘေးရှိ နေအိမ်(၁)လုံးအား ယမန်နေ့ နံနက်က ပြောင်းရွေ့ပေးခဲ့ကြောင်း သိရှိရသည်။

လိပ်သိုမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကြွေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယမန်နေ့နံနက်က အသက်တစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကြွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ Cash For Work စီမံကိန်း ဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက သပြေပင်ကျေးရွာဘုန်းကြီး‌ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ လူကုန်ကူးမှုကာကွယ်တားဆီး‌ရေးနှင့် မူးယစ်‌ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ အ.ထ.က မိုင်းဆတ်စာသင်ခန်းတွင် ယမန်နေ့နက်(၉)နာရီခွဲအချိန်က လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် မူးယစ်‌ဆေးဝါးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

ပလောက်မြို့ မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးစားစိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းနှင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားစိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အခြခံပညာအထက်တန်း ကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်း၊  ရတနာ တန်ဆောင်ခန်းမတွင် တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ အခြေခံပညာ အထက်တန်းကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်မှ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနသုံးခု၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်‌ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍
Subscribe to