ရွာငံမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ယိုထိုးနည်းသင်တန်းဖွင့်လှစ်

ရွာငံ မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ညောင်အိုင်ကျေး ရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးနှင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယိုထိုးနည်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲက ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်း မြတ်ထိုက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည်တိုးတက်မြှင့်မားလာစေရန်နှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြား သည်။ ယင်းသင်တန်း တွင်သင်တန်းနည်းပြဆရာများအဖြစ် ရွာငံမြို့နယ်မှ ဒေါ်ညိုညိုနှင့် အကူ ဆရာမအဖြစ် ဒေါ်အေးခိုင်တို့က ယိုထိုးနည်းသင်ခန်းစာများကို စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်များမှာ ခရမ်းချဉ်သီးယို၊ သရက်ယို၊ ငှက်ပျော်ကြော်၊ အာလူးကြော်၊ ပိန္နဲယို၊ နာနတ်ယိုစသည့်ဖြစ်ပြီး သင်တန်းသား(၂၀) ဦးအား သင်တန်းကာလ(၇)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)