ပျဉ်းမနား ဇူလိုင် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူများအတွက် လက်တွ့အသုံးချ ဓာတ်ပုံပညာသင်တန်း(အခမဲ့)ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးကျော်ဇေယျ က သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားကြသည်။
လက်တွေ့အသုံးချ ဓာတ်ပုံပညာသင်တန်းတွင် Camera Setting, Composition, Lighting Theory & Direction of Light, Portrait, Model, Landscape, Family Photo စသည့် ကဏ္ဍများကို ရက်သတ္တပတ်(၄)ပတ်ကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဓာတ်ပုံဝါသနာရှင် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလအတွင်း Outdoor လက်တွေ့ရိုက်ကူးခြင်းအပိုင်းများကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)