လှိုင်းဘွဲမြို့နယ်  ကမော့ကချူးကျေးရွာရှိ သဖန်းချောင်းအတွင်း ငါးရစ်ငါးသန်ကာ ငါးဖမ်းဆီးမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးရစ်ငါးသန်ကာလအတွင်း ငါးဖမ်းဆီးမှု မရှိစေရေးနှင့် တရားမဝင် ငါးဖမ်းဆီးမှု မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက   ကမော့ကချူးကျေးရွာ သဖန်းချောင်းအတွင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ကမော့ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်တာဝန်ရှိသူများသည် သဖန်းချောင်းအတွင်းတွင် ငါးဖောက်ပွားမှုအခြေအနေ၊   ငါးရစ်ငါးသန် ကာလအတွင်း ငါးဖမ်းဆီးမှု မရှိစေရေးနှင့် တရားမဝင် ငါးဖမ်းဆီးမှု မရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တရားမဝင် ငါးဖမ်းဆီးမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့်  ဝိုင်းဝန်းဆောင်ရွက်ခြင်း၊ ငါးမျိုးများ တိုးပွားလာရန်အတွက် ငါးရစ်ငါးသန်ကာလတွင် ငါးဖမ်းဆီးမှု မရှိစေရန်အတွက် အရေးကြီးကြောင်း  အသိပညာပေး ဟောပြောခဲ့ပြီး ငါးသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)