အောင်မြေသာစံမြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးကာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

အောင်မြေသာစံ   ဇူလိုင်  ၁၀

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း၊ ၆၃× ၆၄လမ်းကြားရှိ အမှတ် (၁၇) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၇)နာရီက ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းနှင့် စုပေါင်းသန့်ရှင်းရေး အခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ရွှေ(ပညာ)၊ မန္တလေး ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစု၊ မြို့နယ်ပညာရေးမှူးဒေါက်တာ စမ်းပပကျော်၊ ဒုတိယပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှုး ဦးတင်ရွှေ(ပညာ)၊ ဒေါက်တာသက်လှစု၊ ဒေါက်တာစမ်းပပကျော်နှင့် တာဝန်ရှိသူများက ဧဝရက်ကျောင်းဆောင် အရှေ့တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပြေပင်ကြီးများအား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)