ငပုတောမြို့၌ Door to Door စနစ်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှု့စစ်ဆေး

ငပုတော  ဇူလိုင်   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီအချိန်တွင် ငပုတောမြို့​မြောက်ပိုင်းရပ်ကွက် နှင့် တောင်ပိုင်းရပ်ကွက်တို့တွင် Door  to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့သည်။

ထို့နောက် လူဝင်မှု​ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်က Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်း၊ အိမ်ထောင်စု၊ လူဦးရေစာရင်းများ၊ မှန်ကန်စေရန်အတွက်Door to Door စနစ်ဖြင့်ဆောင်ရွက်ရာတွင် သေဆုံးသူများပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်း ဆောင်ရွက်ခြင်း၊ သေဆုံးသူများကို စာရင်းမှပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို မြို့ပေါ် ရပ်ကွက်/ကျေးရွာအလိုက်လိုက်လံစစ်ဆေးသွားမည်ဖြစ်ပြီး ကျန်ရှိသောရပ်ကွက်/ ကျေးရွာများသို့လည်း၊ နေ့ရက်အလိုက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သတ်မှတ်ရက်မတိုင်မှီ အမြန်ဆုံး​ပြီးစီးနိုင်ရန်နှင့် လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအား  မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော၊ပြန်/ဆက်)