လှိုင်းဘွဲမြို့နယ် ပန်းတိမ်ကုန်းကျေးရွာတွင် ခရုစုပေါင်းကောက်ယူနှိမ်နှင်းပွဲ ကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာအုပ်စု ပန်းတိမ်ကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများက စုပေါင်း၍ စပါးများ မစိုက်ပျိုးမီ စပါးဖျက် ခရုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်  စုပေါင်းခရုကောက်ယူနှိမ်နှင်းပွဲကို ယနေ့နံနက်ပိုင်းက ပန်းတိမ်ကုန်းကျေးရွာ အီဝကွင်း(၁၅၃၅)၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ခရု စုပေါင်းကောက်ယူနှိမ်နှင်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများက ပန်းတိမ်ကုန်းကျေးရွာနေ ဦးဖကလား၊ ဦးအောင်သန်းနှင့်ဒေါ်နော်တဒါးတို့ ပိုင်ဆိုင်သော လယ်ဧက(၁၅)ဧကအတွင်း၌ စပါးစိုက်ပျိုးရာတွင် ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ခရုများ ကောက်ယူ နှိမ်နှင်းခြင်း၊ ခရုဉများ ပျက်စီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက စပါးဖျက်ခရုများ ကြိုတင်ကာကွယ် နှိမ်နှင်းရမည့် နည်းလမ်းများ၊ ခရုတစ်ကောင်လျှင် ပေါက်ဖွားနိုင်သည့် ဥများ၊ ပေါက်ဖွားနိုင်သည့် အကောင်ဦးရေ၊ ဖျက်ဆီးရမည့်နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ပြီး ခရုများကိုထုံးများဖြင့် ဖျက်ဆီးနှိမ်နှင်းခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)