(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဟင်္သာတမြို့နယ်ရှိ ပြိုင်ပွဲဝင်များ ပဏာမအစမ်းလေ့ကျင့်

ဟင်္သာတ ဇူလိုင်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်  ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်များ တစ်လတာ စခန်းသွင်းလေ့ကျင့်ပြီးစီးမှု အခမ်းအနားနှင့် ပြိုင်ပွဲဝင်အစမ်းလေ့ကျင့်မှုကို ဟင်္သာတမြို့ရှိ မြို့တော်ခန်းမအတွင်း ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေမူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်၀နှင့်အဖွဲ့ဝင်များ၊ သဘင်၊ ဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်များ မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဟင်္သာတမြို့နယ်အနေနှင့် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်၊ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များကို ဟင်္သာတခရိုင် ကိုယ်စားပြု၊ တိုင်းကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ မိမိတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမူ အမွေကို အနာဂတ်လူငယ်များ သိရှိတန်ဖိုးထားတတ်စေရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမူကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ တိုင်းအဆင့် ဗဟိုပြိုင်ပွဲများအတွက် ရည်ရွယ်ကာ ပြိုင်ပွဲဝင်များကို တစ်လတာ စခန်းသွင်း လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။          

ကိုဇော်-ဟင်္သာတ