ကျောင်းကုန်းမြို့၌ တရားဝင်ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်‌ဆေး

ကျောင်းကုန်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌  တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာခြင်း ရှိ/မရှိကို ရန်ကုန်-ပုသိမ်ကားလမ်း Tole Gate တွင် ယနေ့နံနက် ၉း၃၀ နာရီအချိန် ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်() ဗိုလ်မှူး နေဝင်းနောင်၊  မြို့နယ် တရားမဝင်ကုန်သွယ်မှုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်တို့အား တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာခြင်း၊ လက်နက်ခဲယမ်းများ တင်ဆောင်လာခြင်း ရှိ/မရှိနှင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

ဝင်းကြိုင်(ပြန်/ဆက်)