စမ်းချောင်း ဇူလိုင် ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတွင် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပတ္တိများ၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါးနှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း