ဒက္ခိဏသီရိမြို့နယ်တွင် တိရိစ္ဆာန်များ၌ ဖြစ်ပွားတက်သည့်ရောဂါများအကြောင်း အသိပညာပေးဟောပြော

ဒက္ခိဏသီရိ ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များ၌ ဖြစ်ပွားတက်သည့်ရောဂါများအကြောင်း အသိပညာပေးကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့က ရန်အောင်မြင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထက်မမဖြိုးက ကျွဲ၊ နွားများတွင် ဖြစ်ပွားတက်သည့် ခွာနာလျှာနာရောဂါအကြောင်း၊ အရေပြားအကျိတ်နာ ရောဂါအကြောင်းနှင့်ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းလိုင်ကိုင်သည့် ကျေးလက်နေပြည်သူများအား အခြေခံ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားများမှ မွေးမြူရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)