ပေါင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/သူများအား ဆေးထိုးစုရပ် ကျောင်းများတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ပေါင် ဇူလိုင် ၇  

ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်‌ဆေးထိုးနှံရေးလုပ်ငန်းကို ယမန်နေ့က ဆေးထိုးစုရပ်ကျောင်း (၂၂)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက  ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။  

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်း (၁၆၀) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း(၁၆၂)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော ကျောင်းသား/သူများအား သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးကို ဆေးထိုးစုရပ်ကျောင်းများတွင် ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ/မများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိ‌ပြီး ပေါင်မြို့နယ်အတွင်းရှိ စုစုပေါင်း ကျောင်းသား/သူ(၁၀၅၈၅)ဦး ဆေးထိုးပြီးစီးကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)