ဘားအံ ဇူလိုင် ၇
ကရင်ပြည်နယ်၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၈/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လုံခြုံရေးအခြေအနေအရ လုပ်ငန်းဆောင်ရွက်ရန်အခက်အခဲရှိသည့် ဝယ်ယူရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက အဆိုပါအသုံးစရိတ်များအား ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းမပြုဘဲ ဆောလျှင်စွာပြန်လည်အပ်နှံကြစေလိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား အလုပ်သမား စာရင်းများတောင်းခံလာပါက သက်ဆိုင်ရာဌာနမှားက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြည်တွင်းစားသုံဆီဖူလုံပိုလျှံရေးအတွက် ပဲပုတ်ကို မိုးစပါးရိတ်သိမ်းပြီးချိန် မြေအစို ဓာတ်ရှိချိန်တွင် စိုက်ပျိုးစေလိုပြီး အခြားဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း၊ မုန်ညှင်း များကိုလည်း တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကြစေလိုကြောင်း၊ ပြည်နယ်အတွင်း ဆီကြိတ်ခွဲမှုများကို အဆင့်မြှင့်တင်ပြီး ကြိတ်ဖတ်များအားမြေဩဇာ အဖြစ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာဌာနအလိုက်လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်(၇/၂၀၂၂)အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်တင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထပ်ဆင့်ရှင်းလင်းတင်ပြကြကာ ကရင် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)