ပန်ဆောင် ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ နောင်ယန်းကျေးရွာတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ယမန်နေ့က ပန်ဆောင်မြို့ ဒေသန္တရ ဆေးပေးခန်းတွင် ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပန်ဆောင်မြို့ နောင်ယန်းကျေးရွာ အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လ မှ (၁)နှစ်ခွဲ အတွင်းရှိ ကလေးငယ်များအား (ငါးမျိုးစပ်ကာကွယ်ဆေး)များ ဆုံဆို့နာ၊ ကြက်ညှာကာကွယ်ဆေးများ၊ ပိုလီယိုကာကွယ်ဆေး၊ ဝမ်းပျက် ဝမ်းလျောကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန် စမ်းသပ် စစ်ဆေးပေးခြင်း၊ ပုံမှန်အားဆေး တိုက်ကျွေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ပန်ဆောင်မြို့ ကျန်းမာရေးဌာန တာဝန်ခံ ဒေါ်ဆိုဒ်ရွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)