မချမ်းဘော့မြို့နယ် ဝမ်းစာဖူလုံရေးအတွက် အထွက်ကောင်းမျိုးစပါး ဆင်းဧကရီ(၃)မျိုး ပြောင်းလဲစိုက်ပျိုးသော တောင်သူများထံ ကွင်းဆင်းကြည့်ရှု

မချမ်းဘော့ ဇူလိုင် ၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်ကောင်း မျိုးစပါး ဆင်းဧကရီ(၃) မျိုးပြောင်းလဲစိုက်ပျိုးသော တောင်သူများထံသို့ ကွင်းဆင်းကြည့်ရှုမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေး ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဉာဏ်လင်းထွန်း၊ အဖွဲ့ဝင် ဦးကြည်မိုး၊ အဖွဲ့ဝင် ဦးညီညီ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်လွင်တို့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်ချက်ဖြစ်သည့် မချမ်းဘော့ မြို့နယ် ဝမ်းစာဖူလုံရေးအတွက်  အထွက်ကောင်း မျိုးစပါး ဆင်းဧကရီ(၃)မျိုး ပြောင်းလဲစိုက်ပျိုးသော တောင်သူ များထံ ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)