အမာ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅) နှစ်မှ (၁၂)နှစ် အထိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အသိပညာပေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး မူလတန်း အဆင့် ကလေးငယ်များအားလုံး ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကျောင်းသားမိဘများကို ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းမှ မိဘဆရာ အသင်း ဖွဲ့စည်းခြင်း၊ ကျောင်းအကျိုး တော်ဆောင် အဖွဲ့ဖွဲ့စည်းခြင်းတို့၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူ များ သင်ယူသင်ကြားနေရသော ပညာရေးစနစ်၏ သဘောတရားများကို မိဘများ သိရှိစေရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများနှင့် ပတ်သက် ၍ မိဘများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ပညာရေး ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နော်လေး