ကျောက်မဲ ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကျောက်မဲမြို့၊ အထက(၂) ကျောင်း၊ ပတ္တမြားခန်းမ၌ ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အထက(၁)ကျောင်းရှိ အသက် (၁၀) နှစ်ပြည့်ပြီးသည့် ကျောင်းသားကျောင်းသူ (၁၄၂)ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်မည့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးအား အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခဲ့သည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်၊ မြို့နယ် စီစံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့်အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
အလားတူ အခြားကျန်ရှိစာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများရှိ အသက်(၁၀) နှစ်ပြည့်ပြီးသူများနှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်မည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)