ဖြူးမြို့နယ်အတွင်းသို့ ယာယီပြောင်းရွှေ့လာသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့

ဖြူး ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းသို့ လုံခြုံရေးအခြေအနေအရ ယာယီပြောင်းရွှေ့လာသူများ စားသောက်ရေးအဆင်ပြေစေရေးအတွက်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သော ထောက်ပံ့ငွေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က သွားရောက်ထောက်ပံ့ခဲ့ပြီး အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကိုယ်စား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်သည် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရွာတန်းရှည်ကျေးရွာ ခေမာသီဝံဘုန်းတော်ကြီးကျောင်း၊ နတ်ရေကန်ကျေးရွာသီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ဖြူးအရှေ့ဘုန်းတော်ကြီးကျောင်းနှင့် အဝေးပြေးလမ်းမဘေးရှိ သဘာဝတရားရိပ်သာတို့တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော အိမ်ထောင်စု (၂၁၁၉)စု၊ လူဦးရေ(၉၇၆၃)ဦးတို့အတွက် ငွေကျပ်(၂၀၅)သိန်းနှင့် ငွေကျပ်တန်ဖိုး(၁)သိန်းဖိုးရှိ ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)