ဘားအံ ဇူလိုင် ၇
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ နေ့ထူးနေ့မြတ်များတွင် တစ်နေ့အပါအဝင်ဖြစ်သည့် အာဇာနည်နေ့အကြောင်းကို ဗဟုသုတရရှိစေရန်ရည်ရွယ်၍ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောအယ်လင်းက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဘားအံမြို့၊ အ.မ.က (မူလွန်) ၄ မှ ကျောင်းသား/သူများက စိတ်ကြိုက်ပန်းချီ ရေးဆွဲယှဉ်ပြိုင်ခြင်း၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် အထွေထွေဗဟုသုတဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)