မြောက်ဥက္ကလာပ ဇူလိုင် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံအမှတ်(၄၆)အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းအခြေပြုအသက်(၅)နှစ်မှ(၁၁)နှစ်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများဆရာ၊ ဆရာမများနှင့်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ရွှေပေါက်ကံရှိ အမှတ်(၄၆)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၆၅၃)ဦးအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အဆိုပါကျောင်း၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအားကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းခြင်း၊ဖျား နာခြင်းရှိ/ မရှိ၊ ကာကွယ်ဆေးများထိုးနှံထားခြင်းရှိ/ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်အနေဖြင့် အထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၇)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၄၀)ကျောင်း၊ အလယ်တန်းကျောင်း(၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၁)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၁၀)ကျောင်းရှိ စုစုပေါင်းကျောင်းပေါင်း(၈၄)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)