ကွန်ဟိန်း ဇူလိုင် ၇
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(နံနက်၉း၃၀) အချိန်ခန့်ကဟိတကာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ သဘာပတိ ဒေါ်သောင်းသောင်းအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးဝင်းမင်းထွန်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့အစည်း အစီရင်ခံစာစာရင်းများ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာများနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အမှုဆောင်အဖွဲဝင်များက အသီးသီး ဖတ်ကြားတင်ပြခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းကိုအတည်ပြုခြင်း၊ အသင်းသူ/အသင်းသားများ၏ အကြံပြုချက်များ ဆွေးနွေးတင်ပြခြင်းများအား အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ၂၀၂၁- ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော အသင်းသားများ၏ သား/သမီး(၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများကဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး အသင်းသားများအားလုံးအား စုဆောင်းငွေပေါ် အတိုး၊ အစုအပေါ်အမြတ်နှင့် အသင်းသားထောက်ပံ့ငွေများ၊ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဖိတ်ကြားထားသူများနှင့် အသင်းသူ/အသင်းသားများ စုစုပေါင်း (၂၁၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)