ပင်လုံ ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ပင်လုံမြို့ အမှတ်(၁)၊ ခြေခံပညအထက်တန်းကျောင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက ကျောင်းသား/သူများကို အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်သင်းရည်ဝင်းက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ဘေး(၁၀)မျိုး၏ အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားပြီးနောက်ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးဆိုင်ရာ အခြေခံဗဟုသုတများအားဟောပြောပေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှ ဘေး(၁၀)မျိုးထဲမှ လေပြင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်စဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက်ဆောင်ရွက်ရန်အချက်များ၊ ဟောပြောပေးခဲ့ပါသည်။ ထပ်မံ၍လည်း တာဝန်ရှိသူတစ်ဦးမှ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ်တွင်လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြိမ်းသတ်ရန်နည်းလမ်းများစသည့် အသိပညာပေး ဟောပြောပေးခဲ့ပါသည်။
ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူများအား သဘာဝဘေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ၎င်းဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/သူ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)