မလှိုင်မြို့နယ်၊ မလှိုင်-မြင်းဦးလှည့်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းခွင်အား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး

မလှိုင် ဇူလိုင် ၇

မလှိုင်မြို့နယ်၊ မလှိုင်-မြင်းဦးလှည့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းခွင်အား  မြို့နယ်တည်ဆောက် ရေးလုပ်ငန်းများစိစစ်ရေးကော်မတီမှ ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အရှည် ()ဖာလုံ၊ ထု(၁၅)လက်မ၊ အကျယ်(၁၂)ပေ၊ ကတ္တရာခင်းခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေခွင့်ပြုငွေကျပ်(၁၆၇)သန်းဖြင့် (၁.၆.၂၀၂၂ )ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ (..၂၀၂၂) ရက်နေ့တွင် အရှည်()ဖာလုံအတွက် ထုအခြေခံလွှာခင်းခြင်းလုပ်ငန်းပြီးစီးမှုအပေါ် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏ ၅၂ ရာခိုင်နှုန်းပြီးစီးကြောင်း သိရှိရသည်။ မလှိုင်-မြင်းဦးလှည့်လမ်းသည် အရှည်()မိုင် ()ဖာလုံ ရှည်လျားပြီး မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်တွင် အရှည်()မိုင်()ဖာလုံကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးကျန်ရှိသော လမ်းပိုင်းများကို ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါလမ်းပြီးစီးပါက ဒေသထွက်ကုန်သီးနှံများ မလှိုင်မြို့ပေါ်သို့ အချိန်မရွေးရောင်းဝယ်ဖောက်ကားနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)