မြောင်းမြမြို့တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) စတင်ကောက်ယူခြင်းနှင့် အိမ်ထောင်စုဦးရေ တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မြောင်းမြ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး မှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ နံနက်ပိုင်းတွင် (GIS)နည်း ပညာဖြင့် တည်နေရာ (Point) စတင်ကောက်ယူခြင်းနှင့် အိမ်ထောင်စုဦးရေ တိုက်ဆိုင်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့​ကြသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းနှင့် တာဝန်ရှိဝန်ထမ်းများက မြောင်းမြမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်များနှင့် လပွတ်ကုလား ကျေးရွာ၊ ပြင်ရွာ၊ လေးအိမ်တန်း၊ သုံးခွကွမ်းခြံကျေးရွာများသို့  Geographical Information System (GIS) စနစ်ဖြင့်  ရပ်ကွက်/ကျေးရွာ တည်နေရာ (Point) စတင်ကောက်ယူခဲ့ပြီး အိမ်ထောင်စုဦးရေ တိုက်ဆိုင်စစ်ဆေး ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်