ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေနှင့်ပစ္စည်းများပေးအပ်လှူဒါန်း

ရေဖြူ ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ‌ယနေ့နံနက် ၉ နာရီက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရေဖြူမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ (Ambulance) အဖွဲ့သို့ ဒုတပ်ခွဲမှူးဦးသန်းဇော်ဌေးနှင့် ဒေါ်စန်းစန်း မိသားစုက အလှူငွေ (၅၀၀၀၀) ကျပ်နှင့် (၂၀၂၀၀၀/) ကျပ်တန်ဖိုးရှိ ယာဉ်မောင်းသူဘောင်းဘီအထည် (၂၀) ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လှူဒါန်းမှုအခမ်းအနားသို့ ရေဖြူမြို့နယ် ကြက်ခြေနီအသင်းဝင်များနှင့် တပ်ဖွဲ့ဝင် (၃၃) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ