ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး

ဒေးဒရဲ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီကာလ စိုက်ပျိုး စရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ဆက်လက်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် မေလ (၁၆) ရက်နေ့ကစတင်၍ ယခင်နှစ် ကြွေးကျန်မရှိသူ များအား ဦးစားပေးအနေဖြင့် ထုတ်ပေးလျက်ရှိရာ ယမန်နေ့အထိ ဒေးဒရဲ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၀) အုပ်စုက တောင်သူ (၅၁၀)ဦး၏ မိုးစပါးဧက (၃၇၂၉)ဧက အတွက် ငွေကျပ် (၅၅၉၃၅၀၀၀၀) သိန်းကို ထုတ်ချေး ပြီးဖြစ်ပြီး ကျန်ရှိသည့် လယ်ယာမြေများအတွက် စိုက်ပျိုးချိန်အမီ ထုတ်ပေးနိုင်ရေး လျာထား ဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်​နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။

အေဇာလင်း