လဲချား ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ(Book Club) အဖွဲ့၏ စာဖတ်ဝိုင်း/ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယနေ့မွန်းလွဲ(၁) နာရီက ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက စာပေဝါသနာရှင်များ၊ စာဖတ်သူများတိုးပွားလာစေရန် နှင့် စာဖတ်သူ အချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း/ဆွေးနွေးပွဲကို ကျင်းပဆောင်ရွက် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ အောင်သင်း၏ ကိုယ့်ကိုယ်ကိုယ်ပြဌာန်းခြင်းစာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)